No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Why Entrepreneurs Need MoA & AoA

Why Entrepreneurs Need MoA & AoA
02 Aug

Why Entrepreneurs Need MoA & AoA

ကုမ္ပဏီ၊ လုပ်ငန်းတစ်ခု စတင်ဖို့ဆိုရင် အသင်းအဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း (MoA & AoA) ဆိုတာချန်ထားလို့မရတဲ့အရာပါ။ စတည်ထောင်တည်းက ရှိကိုရှိသင့်ပါတယ်။ အသင်းအဖွဲ့တစ်ခုရဲ့ အသက်လို့တောင်ဆိုရပါလိမ့်မယ်။ MoA & AoA ထဲမှာ ကုမ္ပဏီ၊ လုပ်ငန်းတစ်ခုရဲ့ အသေးစိတ်အချက်အလက်၊ ရည်ရွယ်ချက်၊ မတည်ရင်းနှီးငွေ၊ အစုရှယ်ယာဝင်တွေနဲ့ ပါဝင်ဖွဲ့စည်းသူတွေ လိုက်နာရမယ့် စည်းမျဉ်းသတ် မှတ်ချက်၊ ဦးတည်ချက်တွေပါဝင်ကြပါတယ်။ ကိုယ့်ကုမ္ပဏီနဲ့ လိုက်ဖက်မယ့် MoA & AoA ကို ကိုယ်တိုင် ရေး ဆွဲနိုင်ပါတယ်။ အဲဒါတွေကိုက Legal Plan ရဲ့အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။

Phoe Phyu Law Firm

MoU(Memorandum of Understanding) ဆိုတာ။

သဘောတူညီမှုတစ်ခုပြုလုပ်တော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံးညှိနှိုင်းမှုကစလုပ်ရပါတယ်။ အခုမှာတော့ MoA အကြောင်းမပြောခင်မှာ MoU အကြောင်းကို နည်းနည်းရှင်းပြပေးပါမယ်။ MoU (Memorandum of Understanding) ဆိုတာတော်တော်များများလည်း ကြားဖူးကြမှာပါ၊ သဘောကတော့ နားလည်မှုစာချုပ်တစ်ခုပေါ့။ နှစ်ဦးသဘောတူ ဘာတွေလုပ်ဆောင်ကြမယ်။ ဘာတွေ ဖော်ဆောင်မယ်ဆိုတာတွေကို နှုတ် (သို့) စာနဲ့ရေးသားပြောဆိုထားတဲ့ မှတ်တမ်းတစ်ခုကို ဆိုလိုပါတယ်။

MoA (Memorandum of Association) & AoA (Articles of Association) ဆိုတာ ဘာလဲ ဘယ်လဲ။

MoAရဲ့သဘောကိုစတင်ဆွေးနွေးပါရစေ။ MoUနဲ့လည်း ဆင်တူပါတယ်။ MoUနဲ့ MoA မှာကွာသွားတဲ့ အချက်ကတော့ MoA မှာဥပဒေနဲ့သက်ဆိုင်မှုရှိလာတာပါပဲ။ သဘောတူညီမှု၊ စာချုပ်ကို မလိုက်နာတာ၊ ချိုးဖောက်တာတွေရှိလာရင် အရေးယူလို့ရတယ်။ အဲ့တော့ ဒီတစ်ချက်မှာ MoU ထပ်အများကြီးသာသွားတယ်။ အဓိကအားဖြင့် MoA ထဲမှာတော့ ဒီကုမ္ပဏီ၊လုပ်ငန်းကို ဘာအတွက်အဖွဲ့စည်းထားတယ်၊ အစုရှယ်ယာ၊ မတည်ငွေဘယ်လောက်နဲ့ထူထောင်ထားတယ်။ လုပ်ငန်းရဲ့ ဒါရိုက်တာဟာဘယ်သူတွေဖြစ်တယ် စသဖြင့် ပါဝင်ရပါမယ်။

နောက်တစ်ခုကတော့ AoA(Articles of Association) ပါ။

AoA ဆိုတဲ့အထဲမှာ ဒီလုပ်ငန်း၊ ဒီကုမ္ပဏီရဲ့ ဘယ်သူဖြစ်တယ်၊ သူ့ရဲ့ လုပ်ပိုင်ခွင့် နဲ့ တာဝန်တွေက ဘာတွေပါ၊ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေ နဲ့ အစုရှယ်ယာက ဘယ်လောက်တွေဖြစ်တယ်၊ အမြတ်၊ ဝေစု၊ ဝန်ထမ်း၊ လျော်ကြေး၊ ဖျက်သိမ်းခြင်း စတဲ့အချက်တွေပါဝင်ရပါတယ်။

MoA & AoA နဲ့ပတ်သတ်ပြီး စွန့်ဦးတီထွင် စီးပွားရှာသူတို့လောကမှာ ထင်ရှားတဲ့ အဖြစ်အပျက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ အခုသုံးနေတဲ့ Facebook က Mark Zuckerberg နဲ့ အခြား ပူးတွဲတည်ထောင်သူတွေ ကြားမှာ ဖြစ်ပျက် သွားခဲ့တာ လေးပါ။

Phoe Phyu Law Firm

The Facebook ရဲ့ ဂယက်

Mark Zuckerberg ရဲ့သူငယ်ချင်းဖြစ်တဲ့ Sean Parker (ရှောင်ပါကား) ဟာ ရင်းနှီးမြုပ်နှံသူတွေကို Facebook မှာ ရင်းနှီးမြုပ်နှံဖို့အတွက် ဖိတ်ခေါ်ချင်ပေမယ့် ကုမ္ပဏီအဖြစ် မှတ်ပုံတင်မထားတဲ့အတွက် ရှယ်ယာငွေရှာတဲ့နေရာမှာ ခက်ခဲခဲ့ပါတယ် ။ ဆိုးတာက Facebook မှာ ဖွဲ့စည်းပုံ၊ ငွေစာရင်းတွေမရှိတဲ့အပြင် ဝန်ထမ်းတွေကို လစာပေးတဲ့စာရင်းလည်းမရှိ၊ စာရင်းတွေကိုသေချာသိမ်းဆည်းထားချင်းလည်းမရှိတာပါပဲ။

ဒါတွေမရှိရင် ကုမ္ပဏီကို မှတ်ပုံတင်လို့မရသလို ရှယ်ယာဝင်တွေလည်း ရှိလာမှာမဟုတ်တဲ့အတွက် Sean ဟာ ရှေ့နေ စတီးဗ်ဗင်နူတိုး(Stephen Venuto)ရဲ့ အကူအညီနဲ့ စာရွက်စာတမ်းတွေကို စနစ်တကျဖြစ်အောင် ကြိုးစားရပါတော့တယ်။

အခြားတည်ထောင်သူတွေဖြစ်တဲ့ Mark နဲ့ Moskovitz ကလည်း တက္ကသိုလ်ကျောင်းတွေမှာ Facebook ကို တိုးချဲ့ဖို့ကြိုးစားရင်း Founders ထဲကတစ်ယောက်ဖြစ်တဲ့ Eduardo Saverin က Sean အနေနဲ့ ရင်းနှီးမြုပ်နှံသူတွေကိုလက်ခံတွေ့ဆုံနေခြင်းက သူ့လုပ်ပိုင်ခွင့်ကိုစွက်ဖက်တာလို့ မြင်နေခဲ့ပါတယ်။ နောက်ပြီး Facebook မှာကြော်ညာထည့်ချင်သူတွေအတွက် ကြော်ငြာလက်ခံဖို့ ကိစ္စတွေကို Mark Zuckerberg စီမှာ အစီရင်ခံတင်ပြပြီး ခွင့်ပြုချက်ယူနေရတာလည်း Saverin အနေနဲ့ သဘောမကျခဲ့ပါဘူး။ Mark Zuckerberg အနေနဲ့ သူရဲ့လုပ်ပိုင်ခွင့်ကိုကန့်သတ်ထားတယ်လို့ ယူဆခဲ့ပြီး Mark Zuckerberg စီကိုစာတိုက်ကနေ စာတစောင်ပို့လိုက်ပါတယ်။

စာထဲမှာလည်း " သူနဲ့ မာခ့်တို့ရဲ့ သဘောတူညီချက်အရ သူသာလျှင် ရင်းနှီးမြုပ်နှံသူတွေနဲ့ ဆွေးနွေးခွင့်ရှိတယ်။ Sean မှာ မရှိဘူး။ ကြော်ငြာကိစ္စကိုလည်း သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိသလို မာခ့်ရဲ့ သဘောတူညီမှုကို လည်းစောင့် စရာမလိုဘူး။ မာခ့်အနေနဲ့ဒါကိုလေးစားရမယ်လို့" ရေးသားထားပါတယ်။

အဲ့နောက်မှာ Sean Parker ကလည်း "ဆေဗာရင်ဟာ ကလေးဆန်လွန်းပါတယ်။ ဖုန်းဆက်တာပဲ ဖြစ်ဖြစ်၊ မာ့ခ်နဲ့မျက်နှာချင်းဆိုင်လာတွေပြီးဖြေရှင်းလိုက်ရင် ပြီးသွားမယ် ကိစ္စပဲကို ဒီလိုစာရေးပို့နေစရာမလိုပါဘူး။ ကျွန်တော်က ရင်းနှီးမြုပ်နှံသူတွေနဲ့ဆွေးနွေးရုံဆွေးနွေးပြီး ဆုံးဖြတ်တာကတော့ မာခ့်ပဲလုပ်တာပါ။ ပြီးတော့ ဆေဗာရင်က The Facebook ရဲ့ လူမှုကွန်ရက်နည်းပညာကို သေချာနားမလည်ဘူး။ ကြော်ငြာခတွေကနေ ပိုက်ဆံရဖို့ပဲသူသိတယ်။ သူမသိတာက နည်းပညာပိုင်းမှာတစ်ခုလေးမှားသွားရင် ဘယ်သူကမှ ကြော်ငြာလာ ထည့်တော့မှာမဟုတ်ဘူးလေ။ အဲ့လိုဆို ကြော်ငြာခကို ဘယ်သူရနိုင်တော့မှာလဲ။ "

Phoe Phyu Law Firm

Sean စကားတွေကိုကြားသွားတဲ့ ဆေဗာရင်ကလည်း ဒီလိုပြန်ပြောခဲ့ပါတယ်။

" မာခ့်ဆိုတာ လကုန်ရင် ဘီလ်ဖိုးပေးနိုင်တဲ့ ပိုက်ဆံလေးရတာလောက် ကျေနပ်နေတယ်။ သူက စီးပွားရေး ထက်သူ့ The Facebook ကိုလူများများဝင်ကြည့်နေတာလေးနဲ့ပဲ ပျော်နေတတ်တယ်။ ကျွန်တော်က The Facebook အတွက်ဝင်ငွေများများရအောင် ကြော်ငြာထည့်မယ့်သူတွေကို ဘယ်လိုကြိုးစား စည်းရုံးနေလဲ ဆိုတာ သူမသိပါဘူး။ "

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ လူငယ်ပီပီမာနတွေကိုယ်စီနဲ့ လူချင်းတွေ့ဖြေရှင်းရမယ်အစား ကိုယ့်နေရာက တဖွားမှမခွာပဲ ကြားခံလူတွေကတဆင့် အပြန်အလှန်ဆက်သွယ်ပြီး သူတို့ရဲ့ မကျေနပ်ချက်တွေကို ကြီးထွားလာ စေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဆေဗာရင်က မာခ့်ကိုတရားဆွဲမယ်ဆိုပြီးစာပို့လာခဲ့ပါတော့တယ်။ အဲ့တော့မှ သူတို့နှစ်ယောက်လည်းတိုက်ရိုက်စကားပြောဖြစ်တော့တယ်။ ဒါတောင်အပြင်မှာ လူချင်းတွေ့ပြီး ပြောတာမဟုတ်ပါဘူး။ ဖုန်းထဲကနေပဲပြောခဲ့ကြတာပါ။ အဲ့ဒါလည်းသူတို့နှစ်ယောက်ရဲ့ပြဿနာကို မဖြေရှင်း နိုင်ခဲ့ပါဘူး။ နောက်တော့ မာခ့်ဟာ ဆေဗာရင်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီးဖြေရှင်းချင်တာကြောင့် New York မြို့မှာရုံးထိုင်နေတဲ့ ဆေဗာရင်စီကို စာတစောင်ပို့ပြီး Palo Alto မှာရှိတဲ့သူရုံးခန်းကိုပြောင်းဖို့ ပြောခဲ့ပါ တယ်။ ဆေဗာရင်က လာဖို့ငြင်းဆန်ခဲ့တာကြောင့် မာခ့်က သူ့ညွှန်ကြားချက်ကိုမလိုက်နာဘူးဆိုပြီး ဆေဗာရင်ကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် စည်းကမ်းချက်အရ ဆေဗာရင်ဟာ Thefacebook မှာရှိတဲ့ သူရဲ့ ရှယ်ယာကိုတော့ဆက်လက်ပိုင်ဆိုင်နေပါတယ်။ အသစ်တော့ထပ်ဝယ်လို့မရတော့ဘူးပေါ့ဗျာ။

ဖွဲ့စည်းပုံသစ်ရေးဆွဲ၊ တာဝန်တွေခွဲ

အဲ့အချိန်မှာပဲ Mark နဲ့ Moskovitz ဟာ The Facebook အတွက်ဖွဲ့စည်းပုံအသစ်တွေကိုစတင်ရေးဆွဲပြီး လူတွေကိုလည်း သူ့တာဝန်နဲ့သူ သူ့လုပ်ပိုင်ခွင့်နဲ့သူ အသီးသီးသတ်မှတ်ပေးလိုက်ကြပါတယ်။ ဒီလိုလုပ်လိုက်တာ The Facebook ကိုကုမ္ပဏီအဖြစ်မှတ်ပုံတင်မယ့် Sean ရဲ့အိမ်မက်ကို အကောင်အထည်ဖေါ်ခဲ့ပါတယ်။

နီးကပ်စေခဲ့ပါတယ်။ ဖွဲ့စည်းပုံအသစ်ကြောင့် The Facebook ရဲ့ရှယ်ယာပိုင်ဆိုင်မှုရာခိုင်နှုန်းတွေ သိသိသာသာပြောင်းလဲလာပြီး အရင်က ထက် ပြဿနာအရှုပ်တွေလည်းသိသိသာသာကျသွားခဲ့ပါတယ်။ မာခ့်ဟာ ရှယ်ယာတွေရဲ့ ၅၁ ရာခိုင် နှုန်းကိုပိုင်ဆိုင်လာခဲ့ပြီး တစ်ဦးတည်းသော ဒါရိုက်တာလည်း ဖြစ်သွားခဲ့ ပါတယ်။ ကျန်ရှယ်ယာတွေ အနေနဲ့ Saverin ၃၄ရာခိုင်နှုန်း၊ Moskovitz က၆.၈၁ရာခိုင်နှုန်း၊ Sean ရဲ့ရှယ်ယာက ၆.၄၇ ရာခိုင်နှုန်း ဖြစ်သွားကြ ပါတယ်။ အစကောင်းဖို့သင်ခန်းစာ

အဲ့ဒီနောက်မှာတော့ ဆေဗာရင်က ဖွဲ့စည်းပုံပြောင်းခဲ့ခြင်းအပေါ် သူ့ကိုဘာလို့အသိမပေးခဲ့တာလဲဆိုပြီး မာခ့်စီဖုန်းဆက်မေးခဲ့ပါတယ်။ မာခ့်ကလည်း အလုပ်ထုတ်ခံထားရတဲ့ သူတစ်ယောက်ကို အသိပေးစရာမလိုဘူး ဆိုပြီးချေပခဲ့တယ်။ ဖွဲ့စည်းပုံပြောင်းလိုက်ခြင်းကြောင့် ဆေဗာရင်ရဲ့ရှယ်ယာရာခိုင်နှုန်းလျော့ကျလာခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်ပြီး Florida မှာသူ့နာမည်နဲ့ဖွင့်ထားတဲ့ ဘဏ်အကောင့်ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲ့အကောင့်က Thefacebook ရဲ့ကြော်ငြာခဝင်ငွေကိုထည့်ထားတဲ့အကောင့်ဖြစ်တာကြောင့် The Facebook ရဲ့ အသက်တစ်ခုလိုဖြစ်နေပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ဘယ်သူမှ ငွေထုတ်ယူ လို့မရတော့ပဲ၊ ဝန်ထမ်းတွေရဲ့လစာနဲ့ ဘီလ်ဖိုးတွေကိုမပေးနိုင်တော့တာကြောင့် မာ့ခ်ခမျာ အကျပ်ရိုက် သွားတယ်။ ဘဏ်အကောင့်ကလည်း ဆေဗာရင်ရဲ့နာမည်နဲ့ဖွင့်ထားတာဖြစ်တဲ့အတွက် မာခ့်အနေနဲ့ ဘာမှလုပ် လို့မရခဲ့ပါဘူး။

ဆေဗာရင်က သူ့ကိုအရင်အတိုင်းအလုပ်ပြန်ခန့်ပြီး သူပိုင်တဲ့ရှယ်ယာတွေကိုအရင်အတိုင်းပြန်ထားပေးမှသာ ဘဏ်အကောင့်ကိုပြန်ဖွင့်ပေးမယ်ဆိုပြီး အကျပ်ကိုင်လာခဲ့တယ်။ မာခ့်အနေနဲ့ ဆေဗာရင်ရဲ့တောင်း ဆိုချက်ကိုလက်မခံပဲ၊ လိုအပ်နေတဲ့ငွေကို မာခ့်ရဲ့မိဘတွေနဲ့ Moskovitz ရဲ့အဖေစီကနေချေးယူပြီး ဖြေရှင်းရပါ တော့တယ်။ မာခ့်အနေနဲ့ အခုလိုဖြစ်ရတာဟာ ဆေဗာရင်ရဲ့ကလေး ဆန်ဆန်အပြုအမူတွေကြောင့် ဖြစ်တာဆိုပြီး သူ့ကိုစိတ်နာနာနဲ့ ဘယ်တော့မှမဆက်ဆံတော့ပါဘူး။

သင်းဖွဲ့စည်းမျဉ်း မချမှတ်ထားခြင်းဟာ နောက်ဆက်တွဲ အငြင်းပွားမှုကို ဖြစ်စေတတ်ပါတယ်။ ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့လည်း ကုမ္ပဏီ၊လုပ်ငန်းတစ်ခုမှာ MoA & AoA က ဘယ်လောက် အရေးပါတယ်၊ ဒါရှိရင်ဘယ်လိုကောင်းကျိုးတွေရပြီး ဒါတွေမရှိရင် ဘယ်လိုဆိုးကျိုးတွေရတယ် မရဘူးဆိုတာ တီးမိခေါက်မိလိမ့်မယ်လို့ထင်ပါတယ်။
ကိုယ်တီထွင်တဲ့လုပ်ငန်း ကိုယ်ဦးဆောင်ခွင့်

The Facebook ကို ကုမ္ပဏီအဖြစ် မှတ်ပုံတင်ချိန်မှာတော့ Mark ရဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ရှောင်ပါကား ရဲ့ ဦးဆောင်မှုတွေ ရရှိခဲ့ပါတယ်။ သူက corperate အတွေ့အကြုံကောင်းတွေရှိခဲ့သူပါ။ တခြား ရင်းနှီးမြှပ်နှံသူ ရှယ်ယာရှင်တွေရဲ့ ကန်ထုတ်ခံခဲ့တဲ့ စာသူငယ် ပညာရှင်တစ်ဦးပါ။ သူထောင်တဲ့ ကုမ္ပဏီမှာပဲ သူ့ကို ကျန်ရှယ်ယာရှင်တွေက ကန်ထုတ်ခဲ့ကြတာပါ။ ဒီတစ်ခါတော့ The Facebook ကုမ္ပဏီမှာ သူ့အတွေ့အကြုံကောင်းကို ရှေ့နေနဲ့တိုင်ပင်ပြီး Mark ရဲ့ လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးလိုက်ပါတယ်။ အဲဒါကတော့ The Facebook ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းမှာကို Mark ရဲ့ မဲပေးပိုင်ခွင့်တွေကို တိုးချဲ့ထည့်သွင်းထားပြီး Mark ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ခိုင်မာအောင်တည်ဆောက်လိုက်ပါတယ်။ ဒီလိုနဲ့ Mark ဟာ သူတည်ထောင်တဲ့ Facebook မှာပဲ သူ့ရှယ်ယာရှင်တွေ အကြိမ်အကြိမ်ကန်ထုတ်ခဲ့တဲ့ ဒဏ်ကနေ အကြိမ်ကြိမ်လွတ်မြောက်ပြီး CEO အဖြစ်နဲ့ ဒေါ်လာ ဘီလီယန်ချီပြီး ချမ်းသာနေတာဖြစ်ပါတယ်။

ဒီနေရာမှာ Facebook ရဲ့ ရှေ့နေ စတီဗ်ဗင်နူတိုး ရဲ့ ဥပဒေပညာကျွမ်းကျင်လိမ္မာမှု က အဲလောက်ထိအကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။

ကဲဒီလောက်ဆို ကုမ္ပဏီမှတ်တမ်းတစ်ခုဖြစ်တဲ့ သင်းဖွဲ့စည်းမျဉ်း ရေးဆွဲတာဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ သတိပြုမိလောက်ပြီထင်ပါတယ်။
လေးစားစွာဖြင့်
ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်း
ခင်ဗျားတို့ရဲ့ စီးပွားဖက် မိတ်ကောင်း၊ဆွေကောင်း။