No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Publishing

စာပေထုတ်ဝေဖြန့်ချိခြင်း (Publishing)

ဖိုးဖြူနှင့်ရောင်းရင်းများ အကျိုးဆောင်ကုမ္ပဏီလီမိတက်သည် စာအုပ်စာပေးများကို ထုတ်ဝေဖြန့်ချိလျှက်ရှိပါသည်။ တရားမျှတမှုကင်းမဲ့သော အခြေအနေများကြောင့် မြေယာများ ဆုံးရှုံးနစ်နာနေရသော ပြည်သူများနှင့် လုပ်ငန်းဖွံ့ဖြိုးလိုသော အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် ဥပဒေဆိုင်ရာ ဗဟုသုတများတိုးပွားစေပြီး နေ့စဉ်လူနေမှုဘဝများတွင် ရရှိသင့်ရရှိထိုက်သော အခွင့်အရေးများ မဆုံးရှုံးနိုင်ရေးအတွက် ရည်ရွယ်၍ မြေယာနှင့်သက် ဆိုင်သောဥပဒေစာအုပ်များ၊ စီးပွားရေးနှင့်ဥပဒေစာအုပ်များ၊ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး စီးပွားရေး၊ လူမှုရေးအခြေအနေများအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားသည့် ဆောင်းပါးများကို လည်း မျက်ချည်မပြတ် လေ့လာစမ်းစစ်ပြီး ရေးသားတင်ပြလျှက်ရှိပါသည်။

မြေယာဥပဒေစာစဉ်များ(Land Law Book Series)

မြန်မာနိုင်ငံအနှံအပြားတွင် ဖြစ်ပေါ်နေသည့် မြေသိမ်းပြဿနာများအား ဥပဒေဘောင် အတွင်းမှ ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရေးကို ရည်ရွယ်ပြီး မြေယာဥပဒေစာစဉ်စာ အုပ်များကို ထုတ်ဝေဖြန့်ချိပါသည်။

မြေယာဥပဒေစာစဉ်(၁) မြေသိမ်းမြေလွှဲပြဿနာသည် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု မဟုတ်ခြင်း

ဖိုးဖြူနှင့်ရောင်းရင်းများမှ ထုတ်ဝေခဲ့သော ဤစာအုပ်သည် မြေယာပြဿနာများနှင့် ပတ်သက်၍ လက်ငင်းဖြစ်ပေါ်နေသော အခြေအနေများကို ဥပဒေရှုထောင့်မှ ပညာရှင်ပီသစွာ စိန်ခေါ်ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ စစ်တပ်နှင့် ဝန်ကြီးဌာနများမှ သိမ်း ဆည်းမြေများအား ခရိုနီများကို ထပ်ဆင့်လွှဲပြောင်းခြင်းသည် အဘယ်ကြောင့် တရားမဝင်ဖြစ် သည်ဆိုခြင်းကို ရှင်းလင်းစွာဆွေးနွေးတင်ပြထားပါသည်။ မတရားသောဥပဒေအား အာခံရန်၊ တရားမဲ့စီမံခန့်ခွဲမှုများအား အံ့တုရန်၊ ဥပဒေဘောင်အတွင်းမှ တန်ပြန်တိုက်ခိုက်ချေမှုန်းရန် နည်းလမ်းများအား ဤစာအုပ်တွင် ကွက်ကွက်ကွင်းကွင်းတွေ့မြင်နိုင်မည်ဖြစ်ပါသည်။

မြေယာဥပဒေစာစဉ်(၂) လယ်ယာမြေဥပဒေ ပထမ အကြိမ်ပြင်ဆင်ရေး လိုရင်းတိုရှင်း အကြံပြု ချက်များ

စာစဉ် (၂)အဖြစ် ထုတ်ဝေခဲ့သော ဤစာအုပ်သည် လိုရင်းတိုရှင်းအကြံပြုချက်များဆို သော်လည်း ဥပဒေပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးရမည့် အကြောင်းအရာများဖြစ်ပါသည်။ ဥပဒေ ပြုလွှတ်တော်အမတ်များ၊ ဥပဒေကျောင်းသားကျောင်းသူများနှင့် ဥပဒေပညာလိုက်စားကြသူများ လေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။

စီးပွားရေးနှင့် ဥပဒေစာစဉ် (Business and Law Book Series)

စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းများ ဖွံ့ဖြိုးစေရန် စီးပွားရေးနှင့်ဥပဒေ ဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်ပါသည်။ ထို့အပြင် ဈေး ကွက်စီးပွားရေး အသွင်ကူးပြောင်းဆဲကာလဖြစ်သော မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဥပဒေကဏ္ဍ ပြဌာန်းချက်များကို ပြည်သူအများ အချိန်နှင့်တပြေးညီသိရှိကြရန် အရေးတကြီးလိုအပ်လျှက်ရှိ နေပါသည်။ ယင်းလိုအပ်ချက်ကွက်လပ်ကို ဖြည့်ဆည်းရန်အတွက် ဖိုးဖြူနှင့်ရောင်းရင်းများကုမ ဏီလီမိတက်မှ စီးပွားရေးနှင့် ဥပဒေဆိုင်ရာ စာစဉ်စာအုပ်များကို ထုတ်ဝေပါသည်။

စီးပွားရေးနှင့်ဥပဒေစာစဉ်(၁) စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစားအလတ်စားလုပ်ငန်း ပိုင်ရှင်များအတွက် စီးပွားရေးလုပ်ငန်းစတင်ခြင်းဆိုင်ရာ ဥပဒေစီမံချက်ရေးဆွဲနည်း (Link ဖြင့် ဖော်ပြရန်)

ဖိုးဖြူနှင့် ရောင်းရင်းများမှ ထုတ်ဝေခဲ့သော စီးပွားရေးနှင့်ဥပဒေစာစဉ်(၁)တွင် စွန့်ဦး တီထွင်လုပ်ငန်းနှင့် စီးပွားရေးပတ်ဝန်းကျင်လေ့လာချက်ဖြင့် အခန်း(၁)ကို စတင်ဆွေးနွေးထား ပါသည်။ ထို့အပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစားအလတ်စားလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေကိုအသုံးပြုနိုင်မည့်နည်းလမ်းများ၊ စီးပွားရေးတည်ဆောက်မှုပုံစံ၊ မှုပိုင်ခွင့်နှင့် စီးပွားရေးကျင့်ဝတ်များကို အခန်း (၂၊၃၊၄)တို့တွင် ဆွေးနွေးဖော်ပြထားပါသည်။ နောက်ဆုံးအနေဖြင့် အခန်း(၆)တွင် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဥပဒေစီမံချက်ရေးဆွဲရာတွင် ပါဝင်သင့် သောအချက်များအား ထည့်သွင်းဆွေးနွေးထားပါသည်။ ဤစာအုပ်သည် လုပ်ငန်းစတင်မည့် လုပ်ငန်းရှင်များအတွက် မရှိမဖြစ်ဆောင်ထားသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။

စီးပွားရေးနှင့်ဥပဒေစာစဉ်(၂) လုပ်ငန်းလည်ပတ်နေစဉ်အတွင်း ချမှတ်ဆောင်ရွက်ရမည့် ဥပဒေ ရေးရာစီမံချက်

စီးပွားရေးနှင့် ဥပဒေစဉ်(၂)အဖြစ် ထုတ်ဝေမည့် ဖော်ပြပါစာအုပ်သည် စာချုပ်စာတမ်း ချုပ်ဆိုပုံများ၊ ကုန်သွယ်မှုများ၊ အရောင်းအဝယ်လုပ်ငန်း၊ အလုပ်ရှင်အလုပ်သမားဏ္ဍများနှင့် သက်ဆိုင်သော ဥပဒေများအား ရှင်းလင်းစွာ တင်ပြဆွေးနွေးမည်ဖြစ်သည်။