No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Legal Service

Legal Service

Legal Service

- ဥပဒေ ဝန်ဆောင်မှု -

ဖိုးဖြူနှင့်ရောင်းရင်းများ ကုမ္ပဏီလီမိတက်ကို ဦးဆောင်သူမှာ ရှေ့နေဦးဖိုးဖြူဖြစ်ပါ သည်။ နစ်နာမှုများနှင့် ကြုံတွေ့နေရသော ပြည်သူများအတွက် အကျိုးဆောင်ရာတွင် ရှေ့နေ ဦးဖိုးဖြူနှင့်အတူ ဥပဒေသုတေသနအဖွဲ့မှလည်း အစွမ်းကုန်ပူးပေါင်းကူညီပေးလျှက်ရှိရာ ဖိုးဖြူနှင့် ရောင်းရင်းများကုမ္ပဏီလီမိတက်မှ ပေးအပ်နေသော ဥပဒေရေးရာ ဝန်ဆောင်မှုများသည် ထိရောက် မြန်ဆန်မှုရှိပြီး အကောင်းဆုံးသော ရလဒ်များ ရရှိစေမည်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ အာမခံနိုင်ပါသည်။

ဥပဒေဝန်ဆောင်မှုလုပ်ငန်းများအား အဓိကအားဖြင့် မြေယာပြဿနာဖြေရှင်းရေးနှင့် အသေးစား အလတ်စားလုပ်ငန်းများ အတွက် ဥပဒေအရအကျိုးဆောင်ပေးရေးဟူ၍ နှစ်ပိုင်း ခွဲခြားနိုင်ပါသည်။

ထိုကဲ့သို့ ဝန်ဆောင်မှုပေးရာတွင်လည်း ကဏ္ဍအလိုက် ဥပဒေရေးရာ သုတေသန(Legal Research)၊ ဥပဒေရေးရာတိုင်ပင်ဆွေးနွေးမှု(Legal Consultancy)နှင့် ဥပဒေအရ အမှုလိုက်ပါဆောင်ရွက်ခြင်း(Legal Advocacy) ဆိုသည့်ဝန်ဆောင်မှုများ ထပ်မံကွဲပြားပါသည်။