No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Legal Research for Land

Legal Research for Land

Legal Service For Land Research

-မြေယာဥပဒေလုပ်ငန်းများ-

လုပ်ငန်းအပ်နှံချိန်မှစတင်၍ ဥပဒေရေးရာသုတေသနလုပ်ငန်း များကို ဆောင်ရွက်မည်ဖြစ်ပြီး ရက်သတ္တပတ်နှစ်ပတ်အတွင်း ခိုင်မာတိကျမှုရှိပြီး ပရိုဖက်ရှင် နယ်ပီသသော ဥပဒေ သုံး သပ်ချက် အကြံပြုအစီရင်ခံစာကို လုပ်ငန်းအပ်နှံသူအား ပြန်လည်ပေး အပ်မည်ဖြစ် ပါသည်။ အဆိုပါအစီရင်ခံစာတွင် -
(က) မြေယာပြဿနာမှုခင်းအဖြစ်အပျက်များ (အကြံပြုချက်၊ တောင်းခံသူ၏လွှွဲအပ်ညွှန်ကြား ချက်)
(ခ)မှုခင်းပါစာရွက်စာတမ်းများစာရင်း (မိတ္တူ)
(ဂ) မှုခင်းပါ ယေဘုယျပေါ်ပေါက်ချက်များ
(ဃ) အကြောင်းအချင်းအရာနှင့် ဆက်စပ်သော ဥပဒေအကြောင်းအကျိုးကွင်းဆက်များ
(င) နစ်နာဆုံးရှုံးမှုများနှင့် ဥပဒေအရ ရသင့်ရထိုက်သည့်အခွင့်အရေးများ
(စ) ဥပဒေအရ ဆောင်ရွက်သင့်သည့်နည်းလမ်းများ
(ဆ) နိဂုံးအကြံပြုချက်
(ဇ) ပူးတွဲဖော်ပြပါ စာရွက်စာတမ်းမိတ္တူများ စာရင်းစဉ်(၁) မှ (-) အထိ

ခက်ခဲရှုပ်ထွေးသော မြေယာပြဿနာများအား ဥပဒေသုတေသနပြုလုပ်ခြင်းကြောင့် ကာယကံရှင်နစ်နာသူအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ဥပဒေအရဆောင်ရွက်ချက်များ ကို နားလည်သဘောပေါက်မည်ဖြစ်သည်။ ထို့ကြောင့် သင့်လျော်ကောင်းမွန်သော ဥပဒေလုပ် ဆောင်ချက်များကို အချိန်မဆိုင်းဘဲ ဆက်လက်အကောင်အထည်ဖော်သွားနိုင်မည့်အကျိုးကို ရရှိစေမည်ဖြစ်သည်။ ထို့အပြင် ဖိုးဖြူနှင့်ရောင်းရင်းများ ကုမဏီလီမိတက်သည် မြေယာပြဿ နာများနှင့် ပတ်သက်၍ဥပဒေအရ ဆွေးနွေးတိုင်ပင်မှုပေးသည့် ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပါသည်။