No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Land Law Series

မြန်မာနိုင်ငံအနှံအပြားတွင် ဖြစ်ပေါ်နေသည့် မြေသိမ်းပြဿနာများအား ဥပဒေဘောင် အတွင်းမှ ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရေးကို ရည်ရွယ်ပြီး မြေယာဥပဒေစာစဉ်စာ အုပ်များကို ထုတ်ဝေဖြန့်ချိပါသည်။

မြေယာ ဥပဒေစာစဉ်(၁) မြေသိမ်း မြေလွှဲ ပြဿနာသည် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု မဟုတ်ခြင်း

ဖိုးဖြူနှင့် ရောင်းရင်းများမှ ထုတ်ဝေခဲ့သော ဤစာအုပ်သည် မြေယာပြဿနာများနှင့် ပတ်သက်၍ လက်ငင်းဖြစ်ပေါ်နေသော အခြေအနေများကို ဥပဒေရှုထောင့်မှ ပညာရှင်ပီသစွာ စိန်ခေါ်ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ စစ်တပ်နှင့် ဝန်ကြီးဌာနများမှ သိမ်း ဆည်းမြေများအား ခရိုနီများကို ထပ်ဆင့်လွှဲပြောင်းခြင်းသည် အဘယ်ကြောင့် တရားမဝင်ဖြစ် သည်ဆိုခြင်းကို ရှင်းလင်းစွာ ဆွေးနွေးတင်ပြထားပါသည်။ မတရားသောဥပဒေအား အာခံရန်၊ တရားမဲ့စီမံခန့်ခွဲမှုများအား အံ့တုရန်၊ ဥပဒေဘောင်အတွင်းမှ တန်ပြန်တိုက်ခိုက်ချေမှုန်းရန် နည်းလမ်းများအား ဤစာအုပ်တွင် ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

မြေယာ ဥပဒေစာစဉ်(၂) လယ်ယာမြေဥပဒေ ပထမအကြိမ် ပြင်ဆင်ရေး လိုရင်းတိုရှင်း အကြံပြုချက်များ

စာစဉ် (၂)အဖြစ် ထုတ်ဝေခဲ့သော ဤစာအုပ်သည် လိုရင်းတိုရှင်း အကြံပြုချက်များဆိုသော်လည်း ဥပဒေပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးရမည့် အကြောင်းအရာများဖြစ်ပါသည်။ ဥပဒေပြုလွှတ်တော် အမတ်များ၊ ဥပဒေ ကျောင်းသားကျောင်းသူများနှင့် ဥပဒေ ပညာလိုက်စားကြသူများ လေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။