No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Business & Law Series

စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းများ ဖွံ့ဖြိုးစေရန် စီးပွားရေးနှင့်ဥပဒေ ဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ်ပါသည်။ ထို့အပြင် ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းဆဲ ကာလဖြစ်သော မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဥပဒေကဏ္ဍ ပြဌာန်းချက်များကို ပြည်သူအများ အချိန်နှင့် တပြေးညီ သိရှိကြရန် အရေးတကြီး လိုအပ်လျှက်ရှိနေပါသည်။ ယင်းလိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းရန်အတွက် ဖိုးဖြူနှင့် ရောင်းရင်းများကုမ္ပဏီလီမိတက်မှ စီးပွားရေးနှင့် ဥပဒေဆိုင်ရာ စာစဉ် စာအုပ်များကို ထုတ်ဝေပါသည်။

စီးပွားရေးနှင့် ဥပဒေစာစဉ်(၁) စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား အလတ်စား လုပ်ငန်းပိုင်ရှင်များအတွက် စီးပွားရေးလုပ်ငန်း စတင်ခြင်းဆိုင်ရာ ဥပဒေစီမံချက်ရေးဆွဲနည်း

ဖိုးဖြူနှင့် ရောင်းရင်းများမှ ထုတ်ဝေခဲ့သော စီးပွားရေးနှင့် ဥပဒေစာစဉ်(၁)တွင် စွန့်ဦးတီထွင်လုပ်ငန်းနှင့် စီးပွားရေး ပတ်ဝန်းကျင်လေ့လာချက်ဖြင့် အခန်း(၁)ကို စတင်ဆွေးနွေးထားပါသည်။ ထို့အပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အသေးစား အလတ်စား လုပ်ငန်းရှင်များအနေဖြင့် ဥပဒေကို အသုံးပြုနိုင်မည့် နည်းလမ်းများ၊ စီးပွားရေး တည်ဆောက်မှုပုံစံ၊ မှုပိုင်ခွင့်နှင့် စီးပွားရေး ကျင့်ဝတ်များကို အခန်း (၂၊၃၊၄)တို့တွင် ဆွေးနွေး ဖော်ပြထားပါသည်။ နောက်ဆုံးအနေဖြင့် အခန်း(၆)တွင် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဥပဒေ စီမံချက်ရေးဆွဲရာတွင် ပါဝင်သင့်သောအချက်များအား ထည့်သွင်းဆွေးနွေးထားပါသည်။

ဤစာအုပ်သည် လုပ်ငန်းစတင်မည့် လုပ်ငန်းရှင်များအတွက် မရှိမဖြစ် ဆောင်ထားသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။

စီးပွားရေးနှင့် ဥပဒေစာစဉ်(၂) လုပ်ငန်း လည်ပတ်နေစဉ်အတွင်း ချမှတ်ဆောင်ရွက်ရမည့် ဥပဒေရေးရာ စီမံချက်

စီးပွားရေးနှင့် ဥပဒေစဉ်(၂)အဖြစ် ထုတ်ဝေမည့် ဖော်ပြပါ စာအုပ်သည် စာချုပ်စာတမ်း ချုပ်ဆိုပုံများ၊ ကုန်သွယ်မှုများ၊ အရောင်းအဝယ်လုပ်ငန်း၊ အလုပ်ရှင် အလုပ်သမားဏ္ဍများနှင့် သက်ဆိုင်သော ဥပဒေများအား ရှင်းလင်းစွာ တင်ပြ ဆွေးနွေးမည်ဖြစ်သည်။