No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

Blogs

PHOE PHYU AWARDS AND LAW QUEEN

လောကတွင် အလှရှာပုံတော် ဖွင့်သူတို့ ရှိပါသည်။ ထိုသူများတွင် ကျွန်တော် ရှေ့နေ ဖိုးဖြူလည်း အပါအဝင်ဖြစ်သည်ဟု ပြောလိုပါသည်။ ရာစုနှစ်များစွာကတည်းက အလှတရားအား ရှုထောင့် ပေါင်းစုံမှနေပြီး ဖွင့်ဆိုခဲ့ကြသော်လည်း ပြီးပြည့်စုံသော ဖွင့်ဆိုမှု မဖြစ်နိုင်ခဲ့ပါ။ အကြောင်းမှာ လူတို့သည် မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကို အခြေပြုပြီး အလှတရားကို ဖွင့်ဆိုရန် ကြိုးစားခဲ့ခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ကျွန်တော့်အတွက်မှု မိမိ ကျင်လည်ရာလောကဖြစ်သည့် ဥပဒေလောကမှာပဲ အလှတရားတို့ကို ရှာဖွေမိပါသည်။ ကျွန်တော့် အမြင်တွင် အလှတရားသည် ရှုပါရုံအဆင်းမျှသာမက အသိ ဉာဏ်ပညာ အနက်အရှိုင်း ပေါ်တည်မှီနေပါသည်။ အလှတရားကို ရှာဖွေရုံမျှသာမက အသိအမှတ်ပြု ချီးကျုး ဂုဏ်ပြုလိုပါသေးသည်။ ထို့ကြောင့် အလှတရား ရှာပုံတော်ဖွင့်သူတစ်ဦးအနေဖြင့် ကျွန်တော်သည် အောက်ပါဆုများကို ဥပဒေနှင့် တိုက်ရိုက် အသက်မွေးဝမ်းကျောင်းပြုနေသူများ၊ ဆက်စပ် လုပ်ကိုင်နေသူများထဲမှ ရွေးချယ်ချယ်ပြီး ဂုဏ်ပြု ချီးမြှင့်လိုပါသည်။


အလှဆင်းသွင်မြင့်မြတ်ပညာဆု (Dual Beauty Award)

အဆိုပါဆုအား ပေးအပ်ချီးမြှင့်ခံရမည့်သူမှာ ရှုပါရုံအဆင်းမျှသာမကဘဲ စိတ် အတွင်းသဏ္ဍန်ပါလှပသူဖြစ်ရပါမည်။ဥပဒေပညာနှင့်ပတ်သက်၍ ထူးချွန်ထက် မြက်သူများအား ရွေးချယ်ဆုပေးအပ်ပါမည်။


ထူးချွန်စတိုင်ကျရှေ့နေဆု (Sharp and Stylic Lawyer Award)

ဥပဒေပညာတွင် ထူးချွန်ထက်မြက်ရုံသာမက ဝတ်စားဆင်ယဉ်မှုတွင်လည်း စတိုင်ကျသည့် ရှေ့နေအား ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။


ဥပဒေအလှမောင်မယ်ဆု (Law King and Queen)

ဥပဒေကျောင်းသား၊ကျောင်းသူများထဲမှ ပညာထက်မြက်ပြီး လှပကျော့ရှင်းသူ များ၊ တည်ကြည်ခန့်ငြားသူများအား ဤဆုကို ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

Starting a Law Firm Out of Law School With No Money – A Complete Guide (1)

Starting a Law Firm Out of Law School With No Money – A Complete Guide (1)

August 10, 2018

ရှေ့နေတစ်ယောက် အနေနဲ့ Law Firm တစ်ခုကို စလုပ်ကြည့်ဖို့ မိတ်ဆွေ စိတ်ဝင်စားပါသလား။ စိတ်ဝင်စားတယ်ဆိုရင် ဒါက ဥပဒေ ကျောင်းပြီးတဲ့နောက် ပိုက်ဆံလည်း မရှိသေး၊ အတွေ့အကြုံလည်း မရှိသေးခင်မှာ Law Firm တစ်ခု စတင်ဖို့ ပြီးပြည့်စုံတဲ့ လမ်းညွှန်မှု တစ်ခုကိုတော့ လေ့လာဖို့လိုအပ်နိုင်ပါတယ်။

Read More
iPleader For Online Legal Service

iPleader For Online Legal Service

August 04, 2018

၂၀၁၇ ခုနှစ် ကုမ္ပဏီများဥပဒေအရ ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ရန် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် online နည်းစနစ်ဖြင့် စတင်ဆောင်ရွက်နေပါပြီ။ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်ရတော့မှာ ဖြစ်ပါတယ်။

Read More
Why Entrepreneurs Need MoA & AoA

Why Entrepreneurs Need MoA & AoA

August 02, 2018

အသင်းအဖွဲ့တစ်ခုရဲ့ အသက်လို့တောင်ဆိုရပါလိမ့်မယ်။ MoA & AoA ထဲမှာ ကုမ္ပဏီ၊ လုပ်ငန်းတစ်ခုရဲ့ အသေးစိတ်အချက်အလက်၊ ရည်ရွယ်ချက်၊ မတည်ရင်းနှီးငွေ၊ အစုရှယ်ယာဝင်တွေနဲ့ ပါဝင်ဖွဲ့စည်းသူတွေ လိုက်နာရမယ့် စည်းမျဉ်းသတ် မှတ်ချက်၊ ဦးတည်ချက်တွေပါဝင်ကြပါတယ်။ ကိုယ့်ကုမ္ပဏီနဲ့ လိုက်ဖက်မယ့် MoA & AoA ကို ကိုယ်တိုင် ရေး ဆွဲနိုင်ပါတယ်။

Read More
Top 10 Documents Why Every Entrepreneur Needs

Top 10 Documents Why Every Entrepreneur Needs

July 29, 2018

အသေးစားနှင့် အလတ်စား စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခု စတင်ထူထောင်ပြီး ကုန်ပစ္စည်းထုတ်လုပ်တာဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်း လုပ်တာဖြစ်ဖြစ် လုပ်ပြီဆိုရင်တော့ ဥပဒေပိုင်းဆိုင်ရာ ထုတ်ပြန်ချက်၊ သတ်မှတ်ချက်တွေကို သေချာသိထား၊ ဂရုပြုထားဖို့ လိုပါလိမ့်မယ်။

Read More
Protect and Develop Your Entrepreneurship Business

Protect and Develop Your Entrepreneurship Business

July 26, 2018

"စာချုပ်လေးချုပ်တာပဲကွာ ရှေ့နေခေါ်စရာ မလိုပါဘူး။ အပြင်က ပုံစံစာချုပ် ဝယ်ချုပ်လိုက်ရင် ပြီးပြီ။ ရှေ့နေခေါ်လည်း ဒီစာချုပ်ပဲ။ မခေါ်လည်း ဒီစာချုပ်ပဲ။ ခေါ်ရင် ရှေ့နေခ အပိုကုန်သေးတယ်။" စသည်ဖြင့် ..

Read More
စီးပွားရေးလောကအတွက် အခြေခံကျတဲ့ ဗျူဟာ (၃)ရပ် (အပိုင်း-၁)

စီးပွားရေးလောကအတွက် အခြေခံကျတဲ့ ဗျူဟာ (၃)ရပ် (အပိုင်း-၁)

July 23, 2018

တကယ်တော့ စီးပွားရေးလုပ်တယ်ဆိုတာ စစ်တိုက်သလိုပါပဲ။ စစ်သည်အရေအတွက် များခြင်း၊ နည်းချင်းက စစ်ပွဲတစ်ခုရဲ့ ရှုံးခြင်း၊ နိုင်ခြင်းကို မဆုံးဖြတ်ပေးနိုင်သလို၊ အရင်းအနှီး နည်းခြင်းများခြင်းကလည်း အောင်မြင်တဲ့လုပ်ငန်း ဖြစ်အောင် မဖော်ဆောင်ပေးနိုင်ပါဘူး။

Read More

Pages