No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

ABOUT FOUNDER

About Founder

 

ကျွန်တော်ကို ကျွန်တော်မိတ်ဆက်ပါရစေ။

ကျွန်တော်ကတော့ ဖိုးဖြူပါ။ ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်းရတဲ့ သာမန်လက်လုပ်လက်စား ရှေ့နေတစ်ယောက်သာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက ယနေ့အချိန်ထိ မြေယာနဲ့သက်ဆိုင်တဲ့ မှုခင်းတွေမှာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပါတယ်။ စစ်တပ်သိမ်းယာမြေတွေကို ဧကသောင်းချီပြီး ပြန်ရခဲ့ဖူးသလို၊ ခရိုနီတွေဆီကလည်း လျော်ကြေးငွေတွေ ဘီလီယံနဲ့ချီ်ပြီးပြန်ရခဲ့ဖူးတဲ့ အမှုလိုက်အတွေ့အကြုံရှိခဲ့ဖူးပါတယ်။ မြေသိမ်း/မြေလွှဲတဲ့ ဝန်ကြီး၊ဝန်လေး၊ဗိုလ်မှုး၊ဗိုလ်ချုပ်၊ ခရိုနီနဲ့အော်လီဂါတွေအတွက် ဥပဒေဝန်ဆောင်မှုမပေးပါ။ မြေသိမ်းခံ လယ်သမားတွေအတွက်ပဲ ရှေ့နေလိုက်ပေးပါတယ်။

ဒါ့အပြင် အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဥပဒေစီမံချက်တွေ ရေးဆွဲပေးပြီး အကာအကွယ်ပေးတဲ့အလုပ်ကို လုပ်ပါသေးတယ်။ လုပ်ငန်းတွေဖွံ့ဖြိုးဖို့အတွက် ဥပဒေသုတေသနအလုပ်တွေ၊ အတိုင်ပင်ခံဝန်ဆောင်မှုတွေ၊ အငြင်းပွားမှုတွေအတွက်လည်း ရှေ့နေလိုက်ပေးပါတယ်။ အမှန်တရားအတွက် ဖိုးဖြူ အလုပ်လုပ်နေပါတယ်လို့ဆိုပါရစေ။

ကိုယ်ရေးအကျဉ်း (ရှေ့နေဦးဖိုးဖြူကို ၁၉၈၀ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အဖ ဦးကြည်သိန်း(တရားလွှတ်တော်ရှေ့နေ) နှင့် အမိ ဒေါ်မိမိလေး(အထက်တန်းပြ ဆရာမ) တို့မှ ရန်ကုန်တွင် မွေးဖွားခဲ့သည်။၂၀ဝ၃ ခုနှစ်တွင် ဥပဒေပညာဘွဲ့(LLB) ကို အထူးအောင်ဖြင့် အောင်မြင်ခဲ့ပြီး ဥပဒေပညာ မဟာတန်း(LLM)ကို တက်ရောက်ခဲ့သည်။

တက်ကြွသောမြေယာလှုပ်ရှားမှုများတွင် ပါဝင်၍မတရားသိမ်းဆည်းခံရသော လယ်သမားများဖက်မှ ရပ်တည်တော်လှန်ခဲ့သည်။ ၂၀ဝ၉ခုနှစ်တွင် တရားမဝင်သော ဥပဒေအသင်းဖွဲ့စည်းသည်ဟူသော စွဲချက်ဖြင့် စစ်အစိုးရမှ ထောင်သွင်း အကျဉ်းချခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)၏ ဖိအားပေးမှုဖြင့် ၂၀၁၀ခုနှစ် မတ်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အမေရိကန်နိုင်ငံရောက် အဝေးရောက် နိုင်ငံသားများမှ ပေးအပ်ချီးမြှင့်သော ပြည်သူ့ဂုဏ်ရည် ဇကာတင်ဆုကို ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင် ရရှိခဲ့သည်။

လက်ရှိအချိန်တွင် ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းကိုတည်ထောင်ပြီး မြေယာပြသနာများ ဥပဒေအကြံပေးခြင်း၊စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေအတိုင်ပင်ခံခြင်း လုပ်ငန်းများကိုဦးဆောင်လျက်ရှိပါသည်။ ထို့အပြင် ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းမှ မြေယာနှင့်ပါတ်သက်သော စာအုပ်စာစဉ်များ၊ စီးပွားရေးနှင့် ဥပဒေဆိုင်ရာ စာအုပ်စာစဉ်များကိုလည်း ထုတ်ဝေလျှက်ရှိပါသည်။ ရှေ့နေ၊ စာရေးဆရာ၊ ထုတ်ဝေသူ အနေဖြင့် ရပ်တည်လျက်ရှိပါသည်။