No. 131/133, 3rd Floor, Bo Ta Htaung Pogoda Road, 5th Ward, Bo Ta Htaung Township, Yangon 11162 info@uphoephyu.com
+95 (9) 960 278 100

ရေလွှမ်းမိုးမှုအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ

ရေလွှမ်းမိုးမှုအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ
04 Aug

ရေလွှမ်းမိုးမှုအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ

၂၀၁၈ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လများအတွင်း မြန်မာနိုင်ငံ၏ ပြည်နယ်များရှိ မြို့များတွင် ရေဘေးဒဏ် ခံစားခဲ့ကြရပါသည်။ မြို့နယ်များမှာ ပဲခူး၊ ဘီလင်း၊ ဘားအံနှင့် မော်လမြိုင်မြို့များရှိ ပြည်သူဦးရေ တစ်သိန်းနှစ်သောင်းခန့် ရေဘေးဒဏ် ခံစားခဲ့ကြရပါသည်။ လယ်ဧကပေါင်း မြောက်များစွာလည်း ရေဘေး ရေလွှမ်းမိုးမှုကြောင့် ပျက်ဆီးခဲ့ကြရပါသည်။ အကျိုးဆက်အနေဖြင့် ရေဘေး ဒဏ်ခံရသော ပြည်နယ်များ အပါအဝင် တစ်နိုင်ငံလုံးမှ ပြည်သူများ ကုန်ဈေးနှုန်းကြီးခြင်း၊ နေအိမ် ဥစ္စာဓနများ ဆုံးရှုံးခဲ့ကြရပါသည်။

အဲ့သလိုဆိုတော့ ရေဘေး ဒုက္ခ အန္တရာယ်များ ဘာကြောင့် ဖြစ်ရသပါလဲ။

“ပညာရှင် ဒေါက်တာဦးထွန်းလွင်ကတော့- ဒါဟာ သစ်ပင်တွေမရှိလို့ သစ်ပင်တွေ ခုတ်လှဲ ခံရလို့ သစ်ပင်တွေ ပျက်ဆီးပြီး တောပြုန်းတီးလို့ဖြစ်ပါတယ်” လို့ပြောကြားပါသည်။ သစ်ပင်တွေ မရှိလို့ တောပြုန်တီးလို့ အခုလို ကြီးမားတဲ့ရေဘေးဒဏ်ကို ခံစားခဲ့ကြရတာဖြစ်ပါသည်။

အကြောင်းမှာ သစ်ပင်မရှိခြင်း၊ တောပြုန်းတီးခြင်းသည် သစ်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္မဏီများနှင့် စီးပွားရေးသမားများကြောင့် ဖြစ်ပါသည်။ အဆိုပါ ကုမ္မဏီများနှင့် စီးပွားရေးသမားများသည် သစ်ခုတ် ထုတ်လုပ်ရေးလုပ်ငန်းများမှ ကြီးစွာသော ဥစ္စာဓနများကို စံစားနေကြရပါသည်။ ၎င်းတို့သည် ထိုကဲ့ သို့ ဥစ္စာဓနများကို စံစားရသော်လည်း တစ်ဖက်တွင် ၎င်းတို့၏ သစ်ထုတ်လုပ်ရေးကြောင့် ရေကြီးမှု ဖြစ်ပေါ်လာပြီး ယနေ့ပြည်သူများ ဘေးဒုက္ခများ ရင်ဆိုင်နေကြရပြီ ဖြစ်ပါသည်။

ထို့ကြောင့် ယင်းအခြေအနေ အရပ်ရပ်အပေါ်တွင် ကျွန်ုပ်တို့ စဉ်းစား သုံးသပ်ရမည်ဆိုပါက ဘယ်သူသေသေ ငါမသေရင်ပြီးရောဆိုသည့်အတိုင်း ဖြစ်နေပါတယ်။ လူတစ်စုကောင်းဖို့အတွက် လူအများ ဆင်းရဲ ဒုက္ခရောက်နေကြရပြီ။ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ချို့ယွင်းခြင်း၏ ပြယုဒ် တစ်ရပ်ပင် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တန်းတူညီမျှခြင်း၊ လူမှုရေးသဟ ဇာတဖြစ်ခြင်း၊ ညီမျှခြင်း အစရှိသည့် ကောင်းမြတ်ခြင်းတရားများကို ဦးတည်ပြီး ဝိသမ လောဘစီးပွားရေးသမားများ တာဝန်ယူမှု တာဝန်ခံမှုမရှိသော စီးပွားရေးသမားများကို ဥပဒေဘောင်အတွင်း တာဝန်ယူ/ ခံမှု ရှိစေရန် နိုင်ငံတော်အစိုးရအာဏာပိုင်တို့မှ အရေးယူ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ ထိုသို့ ဆောင်ရွက်မှသာလျှင် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်များအတွက် လုံခြုံရေး စိတ်ချမ်းသာရအောင် အေးချမ်းသာယာစွာ နေထိုင်ရေးကို အခိုင်အမာရရှိမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

ကျေးဇူတင်စွာဖြင့် -
ဖိုးဖြူနှင့်ရောင်းရင်းများဥပဒေအတိုင်ပင်ခံလုပ်ငန်း

Photo Credit - Eleven Media Group